Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, January 17, 2016

မင်္ဂလာနံနက်ခင်းပါ သူငယ်ချင်း


 မင်္ဂလာနံနက်ခင်းပါ သူငယ်ချင်း
❄❄❄❄❄❄❄❄❄❄❄❄❄❄
ဖူးသစ်စအလင်း
ကြူးရင့်ကြ နံနက်ခင်းမှာ
မြူခိုးရစ်ခြုံသိုင်းတစ်ခင်းက
အတင်းလုပြီး ခွင်းလာတယ် ...။

ထွက်သစ်စ နေမင်း
ကမ်းလင့်ကြ ဒီအလင်းကြောင့်
ခမ်းလွင့်စ နှင်းပွင့်စက်ခမျာ
ကြွမ်းရင့်ကာ ကြွေကြရရှာတယ် ...။

မြသားနှယ် အဆင်း
လှစကားကြွယ် သီချင်းနဲ့
လာကြွားတယ်ထင်တဲ့ ငှက်ကျေးကိုမှ
ဘာသာစကားလွယ်လွယ် ပြန်ပြောလိုက်တယ်
မင်္ဂလာပါ နံနက်ခင်း ပါ.......။

(ကိုးကား။ ။ရှေးမြန်မာ ကဗျာကြီးများ)

             
 ကိုယ်စိတ်နှလုံး ပြုံးပျော်ရွှင်နိုင်ပါစေ
                                                  မောင်သစ္စာ(မန်း)

No comments: